FTTH (အိမ်သုံး ဖိုင်ဘာ)

အိမ်သုံး ဖိုင်ဘာ အင်တာနက် (သို့မဟုတ်) အဆောက်အအုံသုံး ဖိုင်ဘာအင်တာနက် (FTTH သို့မဟုတ် FTTP) သည် ဗဟိုမှတ်တစ်ခု မှ အဆောက်အအုံ တစ်လုံးချင်းစီ ဥပမာ လူနေအိမ်၊တို က်ခန်း၊ စီးပွာရေးလုပ်ငန်း သို့ ဖိုင်ဘာကြိုး သုံးပြီး သွယ်တန်း တပ်ဆင် ခြင်းဖြစ်ပြီး အလွန်မြန်သော အင်တာနက် နှုန်းကို ပေးစွမ်းနိုင်သည်။ FTTH သည် အင်တာနက် သုံးသူများကို လက်ရှိနေရာ အများစု တွင် အသုံးပြုနေသော နည်းပညာ များထက် များစွာမြန်သော အင်တာနက်နှုန်းကို ရရှိစေသည်။ FTTH သည် အင်တာနက်နှုန်း 100Mbps အထိ အာမခံနိုင်ပြီး ၎င်းနှုန်းသည် ပုံမှန် မိုဒမ်း အင်တာနက် (Moderm) ၊ ဖုန်းကြိုး အင်တာနက် (DSL) တို့ ထက် အဆ ၂၀ မှ ၁၀၀ ပို မြန်သည်။

DIA (သီးသန့် အင်တာနက်လိုင်း)

သီးသန့် အင်တာနက်လိုင်း (DIA) သည် အဆက်မပြတ် အမြင့်ဆုံးမြန်နှုန်းမြင့် အင်တာနက်လိုင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းများတွင် ၎င်းတို့၏ ကွန်ရက် အသေး၊ဌာနတွင်းကွန်ရက် LAN ကို အင်တာနက် ကို ချိတ်ဆက် ရန်နှင့် ကွန်ရက် အကြီး၊လုပ်ငန်း ကွန်ရက် WAN ကို အင်တာနက်နှုန်းပိုမြန်ရန်အသုံးပြုသည်။ DIA သည် စီးပွားရေးလုပ်ငန်းများ အတွက် ဦးစားပေး လုပ်ထားခြင်း ဖြစ်ပြီး ဝန်ဆောင်မှု အာမခံချက်ကိုလည်း စာချုပ်စာတန်းဖြင့် တာဝန်ခံသည်။ DIA တွင် ဖိုင်ဘာ ပါရှိသဖြင့် အမြင့်ဆုံးမြန်နှုန်း တူညီခြင်း အကျိုးကျေးဇူး ကိုလည်း ခံစားရမည်။ ဆိုလိုသည်မှာ Broadband အင်တာနက်တွင် download/upload 50Mb/5Mb အမြင့်ဆုံးမြန်နှုန်း ရှိသော်လည်း DIA တွင် download နှင့် upload အမြင့်ဆုံးမြန်နှုန်း တူညီသည်။ ထို့ကြောင့် Broadband 50Mb အင်တာနက် တပ်ဆင်ပါက upload/download 50Mb/5Mb သာ ရသော်လည်း DIA တွင်မူ upload/download နှစ်ခုလုံးတွင် 50Mb ရရှိမည် ဖြစ်သည်။

DPLC( နိုင်ငံတွင်းသုံး သီးသန့် ငှားရမ်း ဆက်ကြောင်း)

DPLC သည် တစ်နေရာ မှ တစ်နေရာသို့ လုံး၀ သီးသန့် လုံခြုံသော ဆက်သွယ်ခြင်း ဝန်ဆောင်မူဖြစ်သည်။ ဤ ဝန်ဆောင်မူ သည် သီးသန့်ဆက်သွယ်ရန် အတွက်ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း ကို 256Kbps မှ 100Mbps အထိ စိတ်ကြိုက် ရယူ နိုင်သည်။ DPLC ဟုခေါ်ရသည်မှာ လစဉ်ကြေး (သို့မဟုတ်) လစဉ် ဌားရမ်းခ ဖြင့် အချက်အလက် များကို တစ်နေရာ မှ တစ်နေရာသို့ သီးသန့် လုံခြုံသော အင်တာနက် ဆက်ကြောင်းဖြင့် အဆက်မပြတ် ပေးပို့နိုင်သောကြောင့် ဖြစ်သည်။ ငှားရမ်း ဆက်ကြောင်းများကို ရုံးချုပ်မှ ရုံးခွဲများသို့ သီးသန့် လုံလုံခြုံခြုံ ဆက်သွယ်ရန် အသုံးပြုသည်။ DPLC သည် ဖိုင်ဘာကြိုးများ ကိုသုံးထားသဖြင့် အမြင့်ဆုံးမြန်နှုန်း နှင့် အင်တာနက်နှုန်း လည်းမြင့်/မြန်သည်။ ငှားရမ်း ဆက်ကြောင်းများ သို့မဟုတ် ကွန်ရက် အကြီး များသည် IT ဌာနများအတွက် နေရာအများအပြား အားချိတ်ဆက် မူကို လွယ်ကူ ရှင်းလင်းစေသည်။ DPLC သည် မြန်မာနိုင်ငံ ရှိ တစ်နေရာ သို့မဟုတ် နေရာ အနှံအပြား ကိုဆက်သွယ်နိုင်သည်။

VOIP (အင်တာနက်ဖုန်း)

VoIP သည် ကွန်ပျူတာ ၊VoIP ဖုန်းကိရိယာ၊ ဟန်းဖုန်း တို့ကိုသုံးကာ အင်တာနက်ဖြင့် ဖုန်းခေါ်၊ဖုန်းပြော ၍ရစေသော ဝန်ဆောင်မူ ဖြစ်သည်။ ရိုးရိုး ဖုန်း ဝန်ဆောင်မူများ ကဲ့သို့ ဖုန်းလိုင်းကြိုးများ မသုံးဘဲ VoIP ဝန်ဆောင်မူများတွင် အင်တာနက်ဖြင့် ဖုန်းပြောနိုင်သည်။ ထို့ကြောင့် VoIP ဝန်ဆောင်မူများ သည် စျေးသက်သာပြီး ပို ၍အသုံးတည့်သော လုပ်ဆောင်ချက်များ ကိုလည်း ပေးစွမ်းနိုင်သည်။ VoIP ဝန်ဆောင်မူ သုံးခြင်းဖြင့် ဖုန်းပြောချိန်၊ ဖုန်းဝင်ချိန်၊ ဖုန်းစောင့်ချိန် အစရှိသည်တို့ကို အလွယ်တကူ သိရှိနိုင်သည်။ ဒါ့အပြင် ဖုန်းအဝင် လက်ဆင့်ကမ်းခြင်း (call forwarding)၊ ဖုန်းအဝင် နှစ်ခု တစ်ပြိုင်တည်းပြောခြင်း (call waiting)၊ ဖုန်းအဝင် လမ်းကြောင်းပြောင်းခြင်း (call routing)၊ ဖုန်းအဝင် တွင် ဖုန်းခေါ်သူ အချက်အလက်မြင်ရခြင်း (caller ID) အစရှိသော အဆင့်မြင့် လုပ်ဆောင်ချက်များကို လည်း ရရှိနိုင်သည်။ VoIP လုပ်ငန်းသုံး ဝန်ဆောင်မူ ၏ အခြားအားသာချက် အဖြစ် ဖုန်းနံပါတ်တစ်ခုခု ကို ဝန်ထမ်း အားလုံးသို့ ဝေမျှ ၍ရသည်။ နောက်ပြီး VoIP ကို ကမ္ဘာ့ မည့်သည် နေရာမှ မဆို အသုံးပြုနိုင်သည်။ သင့် website တွင် လုပ်ငန်းသုံး ဖုန်း ဝန်ဆောင်မူ ရှိခြင်းဖြင့် customers များနှင့် ပို ၍ ကောင်းမွန်သော ဆက်ဆံရေး ကိုတည်ဆောက်နိုင်သည်။ သင့် လုပ်ငန်း သဘော သဘာ၀ ပေါ်မူတည်ပြီး ဆက်သွယ်ရန်ဖောင်၊ မျက်နှာချင်းဆိုင် စကားပြောခြင်း ထက် အင်တာနက်ဖုန်း ဝန်ဆောင်မူ သည် ပို၍အသုံးဝင်နိုင်သည်။