ကျွန်ုပ်တို့အကြောင်း

Internet Maekhong Network Co., Ltd (IM-Net) သည် ရှမ်းပြည်နယ် အရှေ့ပိုင်း တိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပူးပေါင်းဖွဲ့စည်းတည်ထောင်ထားသော ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု ပေးသည့်ကုမ္ပဏီဖြစ်ပါသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ တွင်ရုံးချုပ်တည်ရှိပြီး ကျိုင်းတုံ၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ နှင့် ပူနားကို အစရှိသည့် ဒေသများတွင်လည်း ရုံးခွဲများဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။

  • ရှမ်းအရှေ့ ဒေသအပါအဝင် ရှမ်းပြည်နယ်မှ ဒေသခံ တိုင်းရင်းသားပြည်သူများမှ တိုးတက်လာသည့် နည်းပညာ များ နှင့် အသိပညာ များ အား အချိန်နှင့်တပြေးညီ သိရှိအသုံးချနိုင်ရန်
  • ဈေးနှုန်းချိုသာ မြန်ဆန်သော အိမ်တိုင်ရာရောက် ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှုများအား ဝန်ဆောင်မှုပေးပြီး ရှမ်းအရှေ့ ဒေသနှင့်ရှမ်းပြည်နယ်၏ လူနေမှုအဆင့်အတန်းပိုမိုမြင့်မားလာစေရန်
  • မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် နည်းပညာတိုးတက်ရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတကာနှင် ့ချိတ်ဆက်ကာ စွမ်းဆောင်ရည်မြင့် ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုအား ဝန်ဆောင်မှုပေးပြီး တစ်စိတ်တစ်ဒေသပူးပေါင်း ပါဝင်လိုသည်မှာ Internet Maekhong Network Co., Ltd ၏ ရည်မှန်းချက်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ IM-Net နှင့်အတူ ဒေသခံတိုင်းရင်းသားများသည် ပြည်တွင်း သာမက ပြည်ပ၏ ပြောင်းလဲမှုများကို အမှီလိုက်နိုင်မည် ဖြစ်သည်။ တစ်ဦီးချင်းနှင့် လုပ်ငန်းသုံး ဝယ်သူများ သည် ကျွန်ုပ်တို့၏ ပညာရှင်ဆန်သော ဝန်ဆောင်မှု၊ ကောင်းမွန်သော ဝယ်သူ ဝန်ဆောင်မှု၊ များပြားလှသော package plan နှင့် မျှတသော ဈေးနှုန်းတို့အပေါ် ကျေနပ်ပျော်ရွှင်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရှိသော အဖွဲ့ သည် ပိုမိုကောင်းမွန် သော စွမ်းဆောင်ရည်ရှိအောင်အမြဲကြိုးပမ်းနေပါသည်။

VISION

  • IM-Net အားရှမ်းပြည်နယ် အခြေစိုက်သော အကောင်းဆုံး Internet Service Provider ဖြစ်လာစေရန်။
  • နည်းပညာအခြေခံသော စီးပွားရေးလုပ်ငန်းများဖန်တီးခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နိုင်စေရန်။

MISSION

  • Internet သုံးစွဲသူ ပြည်သူများအနေဖြင့် ခေတ်နှင့်လိုက်ဖက်သော ဘဝနေထိုင်မှုပုံစံ အနေအထားမြင့်တင်ပေးနိုင်ခြင်း။
  • နိုင်ငံရပ်ခြားအဖွဲ့အစည်းများအပေါ် အမှီအခိုမဲ့ရပ်တည်နိုင်ခြင်းအားဖြင့် မိမိတို့၏ ဒေသဖွံ့ဖြိုးမှုအတွက် ပိုမိုထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနိုင်ခြင်း။
  • နည်းပညာအခြေခံသော ထောက်ပံ့မှုများဖြင့် အစိုးရ၏ဒေသအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကဏများတွင် ပူးပေါင်းကူညီထောက်ပံ့ ပေးနိုင်ခြင်း။
  • ခေတ်ပညာတတ် ဒေသခံလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်း။